About Daifin Social Service

ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့ (Dai Fin Social Services) ကို ၂၀၀၈ ခုနှစ် ဇွန်လှိုင်လ ၃၀ ရက်နေ့တွင် စတင်ခဲ့ပါသည်။ ၂၀၁၃ ဖေဖော်ဝါရီလမှ ၂၀၁၄ ဒီဇင်ဘာလအထိ လော်‌ဝေါ်ဒေသ လတ်သလောလူမှုရေးလုပ်ငန်း အဖွဲ့အမည်ဖြင့် ကချင်ပြည်နယ်အရှေ့ မြောက်ပိုင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သောအဖွဲ့ဖြစ်ပါသည်။ ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့သည် အစိုးရမဟုတ်သော ပြည်တွင်းလူမှုရေး လုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လုပ်ဆောင်နေသော အဖွဲ့အစည်း ဖြစ်ပြီး အစိုးရ တရားဝင် မှတ်ပုံတင်ရရှိထားသော လူမှုရေးလုပ်ငန်းအဖွဲ့လည်း ဖြစ်ပါသည်။ ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအနေဖြင့် လုပ်ဆောင်လျက်ရှိသော ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခြေခံစားနပ်ရိက္ခာ ပံ့ပိုးကူညီပေးခြင်း၊ ထိခိုက်လွယ်အုပ်စုများကို အကာအကွယ်ပေးခြင်း၊ အရေးပေါ် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ယာယီလူနေဆောင်များ ဆောက်လုပ်ပေးခြင်း၊ ဖြည့်စွက်စာ အာဟာရ (Nutrition) ပံ့ပိုးပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။ ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအနေဖြင့် လုပ်ဆောင်လျက်ရှိသော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများမှာ လူထုစွမ်းဆောင်ရည် မြင့်တင်ပေးခြင်းသင်တန်းများ၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးခြင်း၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသော လုပ်ငန်းများ စသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

အဖွဲ့၏ မျော်မှန်းချက်ပန်းတိုင် (Vision )

မြန်မာပြည်မြှောက်ပိုင်းရှိဒေသခံများသည် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသော အသက်မွေးဝမ်းကျောင်း လုပ်ငန်း များဖွံ့ဖြိုးလာပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ငြိမ်းချမ်းစွာအတူ နေထိုင်ကြသည်။

အဓိကဦးတည်လုပ်ငန်းတာဝန် (Mission Statement)

ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့သည်မြန်မာပြည်မြှောက်ပိုင်းဒေသခံ လူထုများအတွက် ကြားခံဆောင်ရွ က်ပေးခြင်း၊ ချိတ်ဆက်ပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် အသိပေးဆွဲဆောင်စည်းရုံးခြင်းများကို လုပ်ဆောင်နေသောအဖွဲ့အစည်း အဖြစ်ရပ်တည်နေရန်။

အဖွဲ့၏ ရည်ရွယ်ချက် (Organization Objectives)

ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့၏ ရည်ရွယ်ချက်သည် Department of Economic and Social Affairs of United Nation နှင့် လိုက်လျောညီထွေမှု ရှိပါသည်။ (Linkage with SDG 1, SDG 4, SDG 8, SDG 15, SDG 16 and SDG 17 of Capacity building) သဘာဝဘေးနှင့်လူမှုဘေးဒုက္ခလျော့နည်းပပျောက်ရေး ဆောင်ရွက်ရန်ရည်ရွယ်ပြီးဖွဲ့စည်းပါသည်။ ကချင်ပြည်နယ် (ဝိုင်းမော်၊ချီဖွေ၊ ဆော့လော်မြို့နယ်များ) ရှိဒေသခံလူထုများလူ့အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်လာ ရေးအတွက် ပံ့ပိုးကူညီပေးရန်ရည်ရွယ်သည်။ ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့နှင့် အဖွဲ့ဝင်များ၏စွမ်းဆောင်ရည်မြင့်မားတိုးတက်ဖွံ့ဖြိုးလာရန် ရည်ရွယ်ပြီး ဖွဲ့စည်းပါသည်။ ဘက်စုံအရင်းအမြစ်များရှာဖွေ ပံ့ပိုးကူညီပေးရန် ရည်ရွယ်ပြီးဖွဲ့စည်းပါသည်။

အဖွဲ့၏ တန်ဖိုးထားမှု (Organization Value)

မတူကွဲပြားမှုနှင့် စည်းလုံးညီညွှတ်စွာပေါင်းသင်းနေထိုင်ခြင်းကိုတန်ဖိုးထားသည်။ ဒေသခံလူထုများတန်ဖိုးထားသော ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရား၊ ဓလေ့ထုံးတမ်းများကိုတန်ဖိုး ထားသည်။ ဒေသခံလူထုနှင့်တိုက်ရိုက်(သို့)သွယ်ဝိုက်ဆက်နွယ်ရှင်သန်နေသောသဘာဝပတ်ဝန်းကျင်ဂေဟစနစ် များကိုတန်ဖိုးထားသည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကိုတန်ဖိုးထားသည်။

အဖွဲ့ဝင်များ (Team Members)

  1. Program Team တွင် ကျား ၂၀ ဉီးနှင့် မ ၆ ဉီးရှိသည်။
  2. HR Team တွင် ကျား ၁ ဉီးနှင့် မ ၁ ဉီး ရှိသည်။
  3. Admin and Logistic Team တွင် ကျား ၂ ဉီး နှင့် မ ၁ ဉီးရှိပါသည်။
  4. M and E Team တွင် ကျား ၁၊ မ ၂ ဉီး ရှိသည်။
  5. Executive Member တွင် စုစုပေါင်း ၁၃ ဉီးရှိပါသည်။
  6. Board Member တွင် စုစုပေါင်း ၅ ဉီးရှိပါသည်။